w-w-m

သန့်ရှင်းသည့်ကန်ရေ

 
အင်းလေးဒေသတွင် ရေသည် ဒေသခံများအတွက် တန်ဖိုးအရှိဆုံးအရင်းအမြစ်ဖြစ်ပြီး ယခုအချိန်နှင့် အနာဂတ် မျိုးဆက်များအတွက် ၎င်းအား မပျက်ဆီးအောင် ထိန်းသိမ်းစောင့်ရှောက်သွားကြရပါမည်။

“ကန်၏ ဇီဝကမ္မဗေဒအရ အင်းလေးကန်၏ အထူးစိတ်ဝင်စားစရာကောင်းသည့် အချက်နှစ်ချက်သည် ရေ၏ ကြည်လင်မှုနှင့် ဘေးပတ်ဝန်းကျင်တွင်
ရေပေါ်ကျွန်းမျောများ တည်ရှိနေခြင်းဖြစ်သည်။ ထိုအချက်နှစ်ခုသည် အင်းလေးကန်၏ အလှတစ်ရားအား ဖော်ထုတ်ပေးပြီး တမူထူးခြားစေသည့် အတွေ့အကြုံများ ရရှိစေပါသည်။”

 
Nelson Annandale ၁၉၁၈

Dad-Kid
chemicals
Washing
Bird
Dad-Kid
ရှေးယခင် အချိန်ကာလများတွင် အင်းလေးဒေသခံများသည်
ရေကန်အတွင်း၌ ရေကူးခြင်း၊ အဝတ်လျှော်ခြင်း တို့အပြင် အင်းလေးကန်မှ ရေများကိုသာ
သောက်သုံးခဲ့ကြပါသည်။

 
ယခုအချိန်တွင် ထိုနေရာ၌ လူဦးရေများပြားလာခဲ့ပြီး အားနည်းသည့် ရေဆိုးသန့်ရှင်းရေးစနစ် တည်ရှိနေခြင်းနှင့် ဓာတုဗေဒလွန်ကဲစွာသုံးသည့် စိုက်ပျိုးရေးစနစ်များ ကျယ်ပြန့်စွာပြုလုပ်လာခြင်းတို့ကြောင့် ရေ၏ အရည်အသွေး သည် အန္တရာယ်ရှိလာသည်။
chemicals
ဓာတုဗေဒပိုးသတ်ဆေး အဆင့်များအား ခင်တိုင်းတာသည့်အချိန်တွင်
ရေဝေကုန်းတန်းတစ်လျှောက်၌ သတ်မှတ်ထားသော စိတ်ချရသည့် အဆင့်ထက်များစွာကျော်လွန်နေပြီး
တောရိုင်းတိရစ္ဆာန်နှင့် လူသား တို့အတွက် အဆိပ်အတောက်ဖြစ်စေသည့် တားမြစ်ထားသော ဓာတုဗေဒ များလည်း ပါဝင်နေသည်။

 
ဓာတုဗေဒပါဝင်သည့် ဓာတ်မြေဩဇာများသည် အပင်ပွားနှုန်းအား များစွာ တိုးမြင့်စေသလို ကန်တွင်းရှိ ရေများကိုလည်း အားကောင်းလာစေပြီး အဏုဇီဝသက်ရှိများအား များစွာ တိုးမြင့်လာခြင်းကို ဖြစ်စေကာ ရေထဲတွင် အောက်ဆီဂျင် လျော့နည်းခြင်းတို့အား ဖြစ်ပေါ်စေသည်။

အညွှန်း

Small-pointerကန်၏သယ်ဆောင်နိုင်သည့်ပမာဏ (Kg/Yr)
Small-Pointer-2အမှန်တကယ်ပျံ့နှံ့သည့်ပမာဏ(Kg/Yr)(Kg/yr)

Washing
လူဦးရေများစွာတိုးပွားလာခြင်း၊ ခရီးသွားလုပ်ငန်းများ ပိုမိုအောင်မြင်လာခြင်းတို့နှင့် အားနည်းသည့် ရေဆိုး သန့်ရှင်းရေးစနစ်တို့ ပေါင်းစပ်သည့်အခါတွင် သန့်စင်မထားသည့် စွန့်ပစ်ရေများ၏ အထောက်အကူဖြင့် အပင်ပွားနှုန်းသည် များစွာ တိုးမြင့်လာခဲ့ပြီး ကန်ရေအား ညစ်ပတ်စေကာ ဆွဲဆောင်မှု ကင်းမဲ့စေသည်။
Bird
ကျွန်ုပ်တို့၏ ရေဆိုးသန့်စင်မှု စီမံကိန်းသည်အဓိကအားဖြင့်
ရေဆိုးသန့်စင်ခြင်းနှင့် ကန်ရေ၏ အရည်အသွေးအား စောင့်ကြည့် စစ်ဆေးခြင်း တို့မှတစ်ဆင့် ထိုခြိမ်းခြောက်မှုများအား ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။