w-m

အညစ်အကြေး မစွန့်ပစ်ပါနှင့်

စီမံခန့်ခွဲမှုနှင့် စနစ်တကျ ဂရုစိုက်မှုမရှိသော အညစ်အကြေး စွန့်ပစ်ခြင်းတို့ကြောင့် အင်းလေးကန်နှင့် အနီးအနား ပတ်ဝန်းကျင်ကို ရုပ်ဆိုး ညစ်နွမ်းစေရုံသာမက ဆိုးဝါးသော ကျန်းမာရေးပြဿနာများကိုလည်းဖြစ်ပေါ် စေပါသည်။ အင်းလေးကန်ကို လေးစားတန်ဖိုးထား၍ မညစ်နွမ်းစေသင့်ပါ။

အမှိုက်များစွန့်ပစ်ခြင်းသည် အင်းလေးဒေသရှိ ဝေးလံခေါင်းပါးသည့်နေရာများနှင့် ကန်အနီးရှိဒေသခံများ အတွက် အစဉ်အမြဲ စိန်ခေါ်မှုတစ်ရပ် ဖြစ်စေသည်။
 
ဇီဝနည်းလမ်းများဖြင့် အမှိုက်များအား ဖျက်ဆီးနိုင်ခဲ့စဉ်က ယေဘုယျအားဖြင့် အမှိုက်များစည်းမဲ့ကမ်းမဲ့ စွန့်ပစ်ခြင်းကို အလေးထား စဉ်းစားမှုများ မရှိခဲ့ပါ။

Trash-1
Trash-2
Trash-3
Trash-1
ယခုအခါ တင်သွင်းရောက်ရှိလာသည့် ရောင်းကုန်ပစ္စည်းများမှ ပလတ်စတစ်များနှင့် အခြားဖျက်ဆီး၍မရသည့် ထုတ်ပိုးမှုများသည် ဒေသအတွင်းသို့ရောက်ရှိလာပြီး မမှန်ကန်သည့်အလေ့အထများအား ဆက်၍ကျင့်သုံး လျှက်ရှိသည်။
Trash-2
ပလတ်စတစ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အမှိုက်များအား တာဝန်ကင်းမဲ့စွာဖြင့် စွန့်ပစ်ခြင်းသည် သန့်ရှင်းသောရေအား ပျက်စီးစေပြီး အပင်နှင့်သတ္တဝါများအား သေစေနိုင်ကာ ဒေသအတွင်းသို့ ကူးစက် ရောဂါများ ဖိတ်ခေါ်ရာရောက်သည့်အပြင် နေရာကိုလည်းကြည့်ရဆိုးစေသည်။
Trash-3
ကျွန်ုပ်တို့သည် စွန့်ပစ်ပစ္စည်းများအား မှန်ကန်စွာခွဲထုတ်ခြင်း၊ ဇီဝနည်းလမ်းများအရ အမှိုက်များအား မြေဆွေး အဖြစ်သို့ပြောင်းလဲခြင်းနှင့် ပတ်ဝန်းကျင်အား ထိန်းသိမ်းရန် အကောင်းဆုံး အလေ့အထများနှင့် ပတ်သက်သည့် အချက်အလက်များရှိပါသည်။

ကျွန်ုပ်တို့သည် ဒေသခံရပ်ရွာလူထုအတွင်း၌ အမှိုက်ရှင်းလင်းရေး စီမံကိန်းများ အစဉ်အမြဲပြုလုပ်လျှက်ရှိကာ လုပ်အားပေးများက အင်းလေးဒေသအတွင်း အချက်အလက်များအား ပျံ့နှံ့ရန်အတွက် အကူအညီပေးလျက် ရှိပါသည်။