Untitled-3
food1
food-2
Garden-2
food-3
Untitled-3

အဘွားလက်ရာ
အင်းလေးစာ

အင်းလေးဒေသအမွေအနှစ်စားသောက်ဆိုင်တွင် အကောင်းဆုံး ဒေသရိုးရာအစားအသောက်များကိုလာရောက် သုံးဆောင်နိုင်ပါသည်။
အင်းလေးအဘွားများ၏ ကိုယ်ပိုင်ဟင်းချက်နည်းများဖြင့် ချက်ပြုတ်ထားသော နံနက်စာ၊ နေ့လည်စာနှင့် ညစာ တို့ကို စားသုံးနိုင်ပါသည်။

food1
၂၀ဝ၉ ခုနှစ်တွင် အင်းလေးအမွေအနှစ်စားသောက်ဆိုင် စတင်ဖွင့်လှစ်စဉ်က ပိုင်ရှင်ဖြစ်သူ ဒေါ်ယဉ်မျိုးစုနှင့် စားဖိုမှူး ကိုနိုင်ဝင်းတို့သည် ခရီးသွားဧည့်သည်များအား အင်းလေးဒေသ၏ ရိုးရာဟင်းလျာများကို တည်ခင်း ဧည့်ခံနိုင်ရန်အတွက် သူတို့မိသားစု၏ ဟင်းချက်နည်းစာအုပ်များအား လေ့လာခဲ့ကြရပြီး ဟင်းလျာများအား တစ်ဖန်ပြန်လည် ဆန်းသစ်ခဲ့ကြပါသည်။
food-2

ကျွန်ုပ်တို့၏ ယခင်လုပ်ကိုင်သွားသူများသို့ပင် မြေများအား အနာဂတ်မျိုးဆက်များအတွက် ဂရုစိုက်ပြီး ထိန်းသိမ်းသောသူများ စိုက်ပျိုးသည့် အစားအစာအစစ်များကို ကျွန်ုပ်တို့ အသုံးပြုသည်။ ထိုအချိန်တွင် ကန်မှာ လူသိပ်မရှိသောကြောင့် သူမမှာ ရွေးချယ်စရာသိပ်မရှိသော်လည်း ကျွန်ုပ်တို့အနေနှင့် တာဝန်ယူတတ်သည့် ဒေသခံလယ်သမားများအား ရွေးချယ်ပြီး ပံ့ပိုးသောကြောင့် သင်တို့အား တတ်နိုင်သမျှ အလတ်ဆတ်ဆုံး အစားအစာများဖြင့် ဧည့်ခံနိုင်ပြီး အစားအစာများသယ်ယူပို့ဆောင်ဖို့အတွက် ငွေနှင့်အင်အားများ သုံးရန် မလိုအပ်ပါ။

Garden-2

အနာဂတ်မျိုးဆက်သစ်များထံသို့ ပိုမိုကောင်းမွန်သည့်အနေအထားဖြင့် လက်ဆင့်ကမ်းပေးနိုင်ရန်အတွက် သဘာဝအတိုင်း လယ်ယာမြေများအား ဂရုတစိုက် ထိန်းသိမ်းစောက်ရှောက်သောသူများ စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်များကိုသာ အသုံးပြုပါသည်။ ထိုအချိန်တွင် ကန်သည် လွန်စွာခြောက်သွေ့နေပြီး ပိုင်ရှင် ဖြစ်သူမှာ ရွေးချယ်စရာနည်လမ်းများစွာ မရှိခဲ့ပေ၊ သို့သော် ကျွနု်ပ်တို့သည် ထိုဒေသခံ လယ်ယာသမားများအား ကူညီထောက်ပံ့ပေးခဲ့သည့်အတွက် လွန်စွာမှ လတ်ဆတ်မှုရှိသော ဟင်းရံများဖြင့် ချက်ပြုတ်ထားသည့် ဟင်းလျာများအား တည်ခင်းဧည့်ခံနိုင်ပြီး အလဟဿ ငွေကုန်၊ အချိန်ကုန်၊ လူပင်ပန်းခံပြီး ဟင်းစား၊ ဟင်းရံများကို ခရီးဝေးမှ သယ်ယူပို့ဆောင်ရန်မလိုအပ်တော့ပေ။

food-3
အရိပ်ရပြီး လေနုအေးများတိုက်ခတ်နေသော ဝရန်တာများပေါ်တွင် ကျွနု်ပ်တို့၏ နာမည်ကျော်ကြား လူကြိုက်များသည့် နေ့လည်စာများအပြင် နံနက်စာနှင့် နေ့ခင်းနေ့လည် လ္ဘက်ရည် သို့မဟုတ် အခြား အစားအသောက်များအား သုံးဆောင်နိုင်ပါသည်။ စားသောက်ဆိုင်တွင် ညစာစားသုံးနိုင်သော်လည်း မှောင်သည့် အချိန်တွင် ရေလမ်းခရီးဝေးများ သွားရာတွင် သတိထားသင့်ပါသည်။
Book-A-Table



မှတ်ချက် - ဧည့်သည် အမြောက်အများ လာရောက်စားသုံးသည့် ကာလများတွင် လူကြီးမင်းအနေဖြင့် မိနစ်၂၀ ထက်ပိုပြီး နောက်ကျပါက စောင့်ဆိုင်းနေသော အခြားဧည့်သည်များအား လူကြီးမင်း ကြိုတင်မှာယူထားသော စားပွဲကို ပေးမှာဖြစ်ပါသည်။ စားပွဲများအား အနည်းဆုံး တစ်ရက်ကြိုတင်ပြီး မှာယူရန် အကြံပြုပါရစေ။

The restaurant are run as part of our social funding model, so what you pay goes towards our heritage work here in the Inle Region. Find out more about it here.