Vocational-ICON
Min
Vocational-ICON

ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း အနာဂတ်ကို တည်ဆောက်ခြင်း

အင်းလေးအမွေအနှစ် ဟိုတယ်လုပ်ငန်းဝန်ဆောင်မှု အသက်မွေးဝမ်းပညာသင်တန်းကျောင်းမှ နှစ်စဉ်နှစ်တိုင်း လူငယ်(၄၀)ခန့်ကို သင်တန်းပေးလျက်ရှိပါသည်။ သင်တန်းသားများအနေဖြင့် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်တွင် ပိုမိုကောင်းမွန်သည့် အနာဂတ်ကိုရရှိစေရန် ကူညီစောင့်ရှောက်ပေးလျက် ရှိပါသည်။

Min
Inle Heritage Hospitality Vocational Training Centre (IHHVTC) အား ၂၀၁၃ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပါသည်။ အင်းလေးဒေသ၏တစ်ခုတည်းသော ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း သင်တန်းကျောင်း ဖြစ်၍ ဟိုတယ်ဝန်ဆောင်မှုကို စိတ်ဝင်စားသော်လည်း ဝင်ရောက်လုပ်ကိုင်ရန် အခွင့်အလမ်းနည်းပါးသည့် လူငယ်များကို ဟိုတယ်လုပ်ငန်းခွင်၌ ဝင်ရောက်လုပ်ကိုင်နိုင်ရန် ကဏ္ဍပေါင်းစုံတွင်အသုံးပြုနိုင်သည့် အတတ်ပညာများ၊ ကဏ္ဍတစ်ခုစီအတွက် သီးခြားကျွမ်းကျင်မှုများကို သင်ကြားပေးလျှက် ရှိပါသည်။

မြန်မာနိုင်ငံတစ်ဝှမ်းက အသက် ၁၇ နှစ် မှ ၂၃ နှစ် အကြား ကျောင်းသားများကို လက်ခံသော်လည်း အင်းလေးဒေသမှ ကျောင်းသားများကို ပို၍ ဦးစားပေးပါသည်။ လျှောက်ထားသူများအား လိင်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ သို့မဟုတ် ငွေရေးကြေးရေးတို့အပေါ် မူတည်၍ မရွေးချယ်ပဲ အရည်အချင်းနှင့် သင့်လျော်မှုတို့ကိုသာ အခြေခံ၍ ရွေးချယ်ပါသည်။

  • အနာဂတ်အတွက် အလုပ်မှာဝန်ထမ်းကောင်းတစ်ယောက်၊ မိဘတွေအပေါ်မှာ သမီးကောင်းတစ်ယောက် ဖြစ်လာနိုင်အောင်ကြိုးစားမယ်။

    မပန်းမို့မို့အောင်၊ ၁၇
    လွိုင်ကော်

  • ဟိုတယ်တစ်ခုမှာ စားဖိုမှူးတစ်ယောက်အဖြစ် အလုပ်လုပ်ဖို့ကြိုးစားနေတယ်။ ပြီးရင် ကျွန်တော် ကျောင်းဆက်တက်မယ်။

    မောင်ညီမင်းထွဋ်၊ ၁၈
    ပင်းတယ၊ရှမ်းပြည်နယ်တောင်ပိုင်းင္း

  • နာမည်ကြီးဟိုတယ်တစ်ခုမှာ အလုပ်လုပ်ချင်တယ်။ နောက်ပိုင်း တောင်ကြီးမှာ ကိုယ်ပိုင်စားသောက်ဆိုင် ဒါမှမဟုတ် မုန့်တိုက်လေးဖွင့်ချင်တယ်။

    ငြိမ်းချမ်း၊ ၂၂
    တောင်ကြီး

  • နောက်၁၀ နှစ် ကြရင် စုထားတဲ့ပိုက်ဆံလေးနဲ့ အတွေ့အကြုံတွေနဲ့ ကိုယ်ပိုင်ဖက်ရှင်ဆိုင် ဖွင့်ချင်တယ်။

    မောင်တန်ကီးရှဲလ်၊ ၁၇

    ချင်းပြည်နယ်တောင်ပိုင်း

  • အခုအချိန်မှာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းတွေရှိတယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် Front Office မန်နေဂျာဖြစ်အောင် ကျွန်တော် ကြိုးစားနေပါတယ်။

    မောင်ကျော်သက်နိုင်၊ ၁၈
    ညောင်ရွှေ

  • ဟိုတယ်လုပ်ငန်းရဲ့ Front Desk မှာအလုပ်လုပ်ပြီး အောင်မြင်ချင်တယ်။

    မနန်းလောင်ခေး၊ ၂၂

    တောင်ကြီး

  • ဒီသင်တန်းပြီးရင် အင်္ဂလိပ်စာအဓိကနဲ့ ဘွဲ့ရအောင်ယူပြီး အတော်ဆုံးဧည့်လမ်းညွှန်တစ်ယောက် ဖြစ်ချင်ပါတယ်။

    မငြိမ်းပြည့်စုံ၊ ၁၉

    ညောင်ရွှေ

  • သင်တန်းပြီးရင် ဟိုတယ်တစ်ခုမှာ ဝန်ဆောင်မှုပေးတဲ့သူတစ်ယောက်အနေနဲ့ အလုပ်လုပ်ပြီး ရတဲ့လခလေးနဲ့ မိသားစုကို လုပ်ကျွေးချင်တယ်။

    မောင်ခိုင်မြဲသွေး၊ ၁၉

    ကလော

  • ဒီကပြီးရင် ဟိုတယ်လုပ်ငန်းမှာ တဆင့်ပြီးတဆင့်၊ တဖြေးဖြေးအောင်မြင်အောင် လုပ်ချင်တယ်။ ကျွန်တော် တစ်ကယ်ဖြစ်ချင်တာကတော့ ရှမ်းအစားအစာကို လူသိများလာအောင်လုပ်ချင်တယ်။

    မောင်ဇော်လှိုင်မျိုး၊ ၂၂
    လွိုင်ကော်

  • ကျွန်မတက္ကသိုလ်ဆက်တက်ချင်ပါတယ်။ ဟိုတယ်မှာ အလုပ်လုပ်ပြီး ရတဲ့ပိုက်ဆံကို ကျောင်းစရိတ်ပေးနိုင်ရင် ကျွန်မမိဘရဲ့ ပိုက်ဆံတွေကို သုံးစရာမလိုတော့ဘူးလေ။

    မထွယ်ထွယ်လင်း၊ ၁၇
    မုံရွာ

  • With the experience I get here I will go on a ship and try to become a chef.

    Mg Thu Nyan, 21

    Yangon

     

  • ကျွန်မဘွဲ့ရပြီးတဲ့တစ်နေ့ မုန့်တိုက်တစ်ခုဖွင့်ပြီး ကိတ်မုန့်တွေ၊အအေးတွေရောင်းချင်ပါတယ်။

    မခမ်းဝှမ်း၊ ၁၇
    မန်ကျည်းစင်ကျေးရွာ

  • ကျွန်မ အရမ်းတော်တဲ့ ဝန်ထမ်းတစ်ဦး ဖြစ်ချင်ပါတယ်။ အင်းလေးမှာရှိတဲ့ဟိုတယ်တစ်ခုမှာအလုပ်လုပ်ရင်း ဒီဒေသကို ပိုတိုးတက်အောင်လုပ်ချင်မိတယ်။

    မအိချိုလင်း၊ ၁၈
    ဟဲခမ်းဦးကျေးရွာ၊ အင်းလေး

  • I will work at a hotel after this and help support my family.

    Nan Htet Ye Aung, 19

    Nyaung Shwe

  • ရန်ကုန်မှာရှိတဲ့ Max ဟိုတယ်မှာ အလုပ်လုပ်ပြီး ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှာ တစ်နေ့ အောင်မြင် ကျော်ကြားတဲ့သူတစ်ယောက် ဖြစ်ချင်တယ်။

    မောင်မြတ်မင်းသွေး၊ ၁၉

    တောင်ကြီး

  • ကျွန်တော်ကျွမ်းကျင်တဲ့ Front Office မှာအလုပ်လုပ်ပြီး ကျွန်တော့်ဘဝ တည်ငြိမ်တဲ့အခါ လုပ်အားပေး အလုပ်တွေနဲ့ အကျိုးပြုချင်ပါတယ်။

    မောင်သီဟန်စော၊ ၂၃

    ကချင်ပြည်နယ်

  • ကျွန်တော် ဟိုတယ်လုပ်ငန်းမှာ လုပ်ကိုင်ပြီး တစ်နေ့ကျရင် အဆိုတော်ဖြစ်ချင်တယ်။

    မောင်ဝေဘုန်းကျော်၊ ၁၆

    ညောင်ရွှေ

  • ကျွန်တော့်အိမ်မက်က နာမည်ကြီးတဲ့စားဖိုမှူးတစ်ယောက်ဖြစ်လာဖို့ရယ်၊ နောက်ပြီး မျိုးဆက်သစ်တွေကိုလည်း ပညာတွေ သင်ပေးချင်သေးတယ်။ အထူးသဖြင့် ဝေးလံခေါင်ပါးတဲ့နေရာကကလေးတွေကိုပေါ့။

    မောင်စည်သူဝင်း၊ ၂၂
    ရန်ကုန်

  • ကျွန်မ အရမ်းတော်တဲ့ စားဖိုမှူးတစ်ယောက်ဖြစ်အောင် သင်ယူချင်တယ်။ တခြားသူတွေကိုလည်း သင်ပေးချင်တယ်၊ နောက်ပြီး ဖေဖေနဲ့မေမေ့ကို ပျော်အောင်ထားချင်တယ်။

    မချစ်မိုးဆွေ၊ ၁၇

    မော်ချီး

  • Front Office မန်နေဂျာ ဒါမှမဟုတ် ဧည့်လမ်းညွန်တစ်ယောက်ဖြစ်လာနိုင်အောင် ကြိုးစားနေပါတယ်။

    မောင်ကျော်ဇေယျာထွန်း၊ ၁၇

    ညောင်ရွှေ

  • ကျွန်မရဲ့ပညာနဲ့ တိုင်းပြည်အတွက် တစ်ခုခုကောင်းတာ လုပ်ပေးချင်တယ်၊ သူများတွေကို စာသင်ပေးချင်တယ်။

    မဝါဝါနိုင်၊ ၁၈

    ရွာငံမြို့နယ် (မြင်ကျာဒိုး)

  • ကျွန်မ နာမည်ကြီးတဲ့ဟိုတယ်စားဖိုမှူးတစ်ယောက် ဒါမှမဟုတ် ကမ္ဘာပတ်လို့ရတဲ့ ဧည့်လမ်းညွှန် တစ်ယောက် ဖြစ်ချင်တယ်။

    မနန်းခင်လှ၊ ၂၀

    ညောင်ရွှေ

  • ကျွန်မရဲ့အိပ်မက်က ပြင်ဦးလွင်မှာ Decoration လှလှလေးပြင်ထားတဲ့အပြင် ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်ပြီး ရိုးရာနှင့်နိုင်ငံတကာ အစားအသောက်တွေ ရနိုင်တဲ့ စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ချင်ပါတယ်။

    မချိုချိုငြိမ်းမောင်၊ ၁၇

    ညောင်ရွှေ

  • နာမည်ကြီးကြီး၊မကြီးကြီး ဟိုတယ်တစ်ခုမှာအလုပ်လုပ်ပြီး တစ်နေ့ နိုင်ငံခြားမှာ ကျောင်း သွားတက်ချင်တယ်။ ပြီးရင် မြန်မာနိုင်ငံကို ပြန်လာပြီး ကူညီချင်တယ်။

    မောင်ဝေယံအောင်၊ ၁၇

    ရှမ်းပြည်မြောက်ပိုင်း

  • နိုင်ငံခြားမှာရှိတဲ့ ဟိုတယ်ကြီးတွေကို ကျွန်တော် အရမ်းသဘောကျတယ်ဗျာ။ ကျွန်တော့် အသက်(၃၀) ရောက်ရင် အဲဒီ့အထဲက တစ်ခုခုမှာအလုပ်လုပ်နေတဲ့သူဖြစ်ချင်တယ်။

    မောင်လင်းဝေလျံဝိုင်း၊ ၁၇

    ပင်းတယမြို့နယ်

  • ကျွန်မ နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ပိုက်ဆံတွေစုနိုင်ရင် တစ်နေ့မှာ ဟိုတယ်သေးသေးလေးတစ်ခု ဖွင့်နိုင်မယ်ထင်တာပဲ။

    မနန်းခမ်းပန်၊ ၁၇
    ကွန်ဟိန်းမြို့နယ်

  • ကျွန်တော် ဘွဲ့ရဖို့အတွက်ပညာသင်စရိတ်တွေကို ဟိုတယ်မှာအလုပ်လုပ်ရင်းရှာလို့ရတယ်လေ။

    မောင်သန်းထက်ကျော်၊ ၁၆
    လွိုင်ကော်

  • ဟိုတယ်တစ်ခုမှာ ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်တဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ချင်တယ်။ နိုင်ငံခြားမှာ ကျောင်းသွားတက်ရင်း ပိုက်ဆံရှာပြီး အိမ်ကို ထောက်ပံ့ချင်တယ်။

    မဝါဆိုမိုး၊ ၁၇

    ညောင်ရွှေ

  • နိုင်ငံခြားမှာရှိတဲ့ ဟိုတယ်ကောင်းကောင်းတစ်ခုမှာပဲဖြစ်ဖြစ် အလုပ်လုပ်ပြီး မိဘတွေကိုစောင့်ရှောက်နိုင်လောက် တဲ့အထိ ပိုက်ဆံရှာချင်ပါတယ်။

    မနေနေထွေး၊ ၁၈

    ညောင်ရွှေ

  • ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနဲ့ပတ်သက်ပြီး ကျွန်တော်အားလုံးနားလည်အောင်ကြိုးစားနေပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်ပြီး တစ်ကမ္ဘာလုံးနဲ့ချိတ်ဆက်ချင်ပါတယ်။

    မောင်ဝင်းနိုင်၊ ၁၈

    ပင်လောင်းမြို့နယ်

  • ကျွန်တော် ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တက်ချင်တယ်။ ပြီးရင် ခရီးတွေသွားမယ်။ ပြီးတော့ ဟိုတယ်တစ်ခု ဖွင့်ချင်တယ်။

    မောင်ခွန်တိုးအောင်၊ ၁၇

    မုံတဝရွာ

  • ဒီသင်တန်းပြီးရင် ပညာဆက်သင်နိုင်ဖို့ ဟိုတယ်တစ်ခုမှာ အလုပ်လုပ်ချင်တယ်။ နောက်ဆုံး မန်နေဂျာတစ်ယောက် ဖြစ်ချင်ပါတယ်။

    မချောစုသက်ထား၊ ၁၇

    တောင်ကြီး

  • Afterwards I will work hard as a trainee at a Yangon hotel, so that one day I can have my own restaurant.

    Mg Hein Htet Aung, 17

    Yangon

  • ဒီမှာမေဂျာယူပြီးစားဖိုမှုးကောင်းတစ်ယောက်ဖြစ်ချင်တာ ကျွန်တော့် ရည်မှန်းချက်ပေါ့။ အတွေ့အကြံုတွေအများကြီးရပြီးရင်တော့ ကိုယ်ပိုင်ဟိုတယ် ဖွင့်ချင်ပါတယ်။

    မောင်ထက်နိုင်ဝင်း၊ ၁၈
    မော်ချီး

  • ဟိုတယ်တစ်ခုမှာ အလုပ်ရရင် ကျွန်မရဲ့မိသားစုကို ထောက်ပံ့နိုင်ပြီလေ။

    မမြတ်နိုးထွေး၊ ၁၈

    မြောင်ကြီး

  • နိုင်ငံခြားမှာ Housekeeping ပဲဖြစ်ဖြစ် ဒါမှမဟုတ် ထုတ်လုပ်ရေးပိုင်းမှာ အလုပ်လုပ်ပြီး ပိုက်ဆံစုမယ်၊ ပြီးရင် ဒီမှာ လုပ်ငန်းတစ်ခုခုစမယ်။

    မောင်နေရဲထွန်း၊ ၂၀

    ရန်ကုန်

  • ကျွန်တော် အကောင်းဆုံးဆိုတဲ့ဝန်ဆောင်မှုမျိုးတွေ ပေးနိုင်တဲ့သူဖြစ်ချင်တယ်၊ နောက်ပြီးတစ်နေ့နေ့မှာ အထွေထွေမန်နေဂျာတစ်ယောက်ဖြစ်ချင်တယ်။

    မောင်လွင်မျိုးသူ၊ ၁၈

    ပုဂံ

  • ပိုက်ဆံတွေအများကြီးစုနိုင်ရင်လေ ကိုယ်ပိုင်စားသောက်လေးဖွင့်၊ ကျွန်မကိုယ်တိုင်ကြီးကြပ်ပြီး ဆိုင်ကလူတွေကို ပြန်သင်ပေး၊ နောက်ပြီး ကျွန်မရဲ့အစ်ကို ၄ ယောက်ကိုလည်း စောင့်ရှောက်ချင်တယ်။

    မမြရည်ပုလဲ၊ ၁၇

    ညောင်ရွှေ

  • F&B ကိုအဓိကမေဂျာယူထားတာက ကျွန်မရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ပါပဲ။ ဒီလိုအခွင့်အလမ်း များကို ဖန်တီးပေးတဲ့ ဆရာ၊ဆရာမတို့အားလုံး အရမ်းကျေးဇူးတင်တာပဲ။

    မအေးအိအိအောင်၊ ၂၀

    ပင်လောင်း၊ ရှမ်းပြည်တောင်ပိုင်း

ကျွန်ုပ်တို့၏ ဘာသာရပ်များ

1
2
3

တက်ကျွမ်းသောဆရာ၊ဆရာမများနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ကျွမ်းကျင်ပညာရှင်များက ကူညီပံ့ပိုးပေးပါသည်။

ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းကို ကျွန်ုပ်တို့၏ လူမှုစီးပွားရေးလုပ်ငန်းများမှ ထောက်ပံ့နေခြင်းဖြစ်သောကြောင့် ဧည့်သည်များအနေဖြင့် အကောင်းဆုံးပံ့ပိုးပေးနိုင်သည်မှာ အင်းလေးဒေသအမွေအနှစ်တွင် ဖွင့်လှစ်ထားသော သဟာယတည်းခိုဆောင်တွင် တည်းခိုခြင်း၊ အင်းလေးအမွေအနှစ် စားသောက်ဆိုင်တွင် ဒေသအစားအစာများ စားသောက်ခြင်း၊ အင်းလေးဟင်းလျာ ချက်ပြုတ်နည်းများ သင်ယူခြင်းနှင့် ဒေသထွက်လက်မှုပစ္စည်းများ ဝယ်ယူခြင်းတို့ ဖြစ်ပါသည်။

inleprincess
marauk-U

ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများတွင် မြန်မာနိုင်ငံရဲ့မျိုးဆက်သစ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရှိပါက သို့မဟုတ် ကျွန်ုပ်တို့၏ သင်တန်းဘာသာရပ်များတွင် နည်းပညာဆိုင်ရာ အသိပညာများ ပေးရန် စိတ်ဝင်စားပါက ကျွန်ုပ်တို့နှင့် ဆက်သွယ်နိုင်ပါသည်။