Inthar-Heritage-House-ICON
Inthar-Heritage-House
Inthar-Heritage-House-ICON

အင်းလေးကန်၏ရိုးရာဗိသုကာပညာ

အင်းလေးအမွေအနှစ်၏ အလယ်ဗဟိုတွင် လှပစွာပြန်လည်ပြင်ဆင်ထားသော အင်းသားအိမ်ဟောင်းသည် ဒေသခံအနုပညာရှင်များ၏ အနုပညာလက်ရာများကို ခင်းကျင်းပြသထားသော နေရာဖြစ်ပါသည်။

Inthar-Heritage-House
အင်းလေးအမွေအနှစ်အား တည်ထောင်သူ၏မူလအိမ်ပုံစံအပေါ် အခြေခံပြီးပြန်လည်မွမ်းမံ တည်ဆောက်ရာတွင် သစ်သားများဖြင့်သာ အသုံးပြုထားသည့် အင်းသားအမွေအနှစ်အိမ်သည် ဒေသ၏ထူးခြားသည့် ဗိသုကာပညာများနှင့် တီထွင်ဖန်တီးနိုင်မှုတို့ကို ဖော်ဆောင်လျက်ရှိပါသည်။

မြေညီထပ်တွင် မြန်မာမျိုးရင်းကြောင်များကို ပြန်လည် မိတ်ဆက် မွေးမြူပေးခြင်း အစီအစဉ်၏ အစိတ်အပိုင်းတစ်ခု အပြင် အမှတ်တရပစ္စည်းရောင်းသည့်ဆိုင်တွင် ဒေသခံ အနုပညာရှင်များ၏ အနုပညာလက်ရာစစ်စစ်များကို တွေ့ရှိနိုင်သည်။

ကျွန်ုပ်တို့၏ ရိုးရာစားသောက်ဆိုင်သည် ဝရန်တာ၊ လသာဆောင်များနှင့် ပထမထပ်၏ အခန်းများတွင် တည်ရှိသလို၊ ဤဒေသနှင့်ပတ်သက်သည့် စာအုပ်စာတမ်းများ ပါရှိသော စာကြည့်တိုက်ငယ်လေးတစ်ခုလည်း ရှိပါသည်။ ပြန်လည်ပြုပြင်ထားသော အဖိုးဦးဆောင်၏ မူလအခန်းသည် ယခုအခါတွင် လာရောက် လည်ပတ်သူများ နေထိုင်နိုင်ပါသည်။ ပထမထပ်၏ဝရန်တာအပြင်ဘက်တွင် တိတ်ဆိတ်ငြိမ်သက်သော ဘုရားစင်တစ်ခုရှိပြီး ဧည့်သည်များ ဝင်ရောက်လေ့လာနိုင်ပါသည်။

ပထမထပ်၏ အလယ်အခန်းတွင် ဒေသခံအနုပညာရှင်များစွာ၏ ပန်းချီလက်ရာများအား အလှည့်ကျပြသည့် အစီအစဉ်ရှိပါသည်။
အနုပညာလက်ရာအများစုအား ဝယ်ယူရန် အင်းလေး အမွေအနှစ် အိမ်တွင် သော်လည်းကောင်း၊ သို့မဟုတ် ကျွနု်ပ်တို့ထံ ဆက်သွယ်၊ စုံစမ်းမေးမြန်းနိုင်ပါသည်။