IH-LOGO

ကျွန်ုပ်တို့သည် အင်းလေးကန်အနီးတွင် မွေးဖွားပြီး အများနှင့်မတူသော ယဉ်ကျေးမှုထုံးတမ်းစဉ်လာများနှင့် ထူးခြား၊ ရှားပါးသော သဘာဝပတ်ဝန်းကျင်တွင် ကြီးပြင်းလာသူများ ဖြစ်ကြပါသည်။ ကျွနု်ပ်တို့သည် မွေးရပ် ဇာတိမြေအတွက် ဂုဏ်ယူဝမ်းမြောက်ကြပြီး သားသမီး၊ မျိုးဆက်များကိုလည်း တူညီသော ယဉ်ကျေးမှု ထုံးတမ်း စဉ်လာများဖြင့် ကြီးပြင်းကြစေ ချင်ပါသည်။

ကျွန်ုပ်တို့၏ အင်းလေးအမွေအနှစ်သည် အကျိုးအမြတ်မယူသော ပရဟိတ ဖွံ့ဖြိုးရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ အင်းလေးဒေသ၏ သဘာဝနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပြီး အင်းလေးကန်သို့ ခရီးသွားအများအပြား လာရောက် လည်ပတ်နိုင်စေရန်၊ ဒေသခံများနှင့် လူငယ်များ၏ ဘဝကို ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် လုပ်ကိုင်စားသောက် နေထိုင်ရန် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင် တစ်ခုအဖြစ် ရေရှည် တည်တံ့နေစေရန် တက်စွမ်းနိုင်သည့် အခန်းကဏ္ဍမှ တစ်နိုင်တစ်ပိုင် ထိန်းသိမ်း စောင့်ရှောက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

အင်းလေး အမွေအနှစ်ကို စူးစမ်း ရှာဖွေကြည့်ပါ။