aquatic life

အင်းလေး၏ရေနေသဘာဝများ

မျိုးသုန်းလုနီးပါးဖြစ်သော ငါးမျိုးစိတ်များနှင့် ထူးခြားသော လှေလှော်နည်း၊ ငါးဖမ်းစနစ်များ အသုံးပြုသော အင်းသားတံငါသည်များသည် ရာစုနှစ်ပေါင်း များစွာကတည်းကပင် အင်းလေးကန်ကြီးထဲတွင် ပူးတွဲတည်ရှိ နေခဲ့ကြခြင်းဖြစ်ပြီး ကျွနု်ပ်တို့အနေဖြင့် ထိုအခြေအနေကို ဆက်လက်ထိန်းသိမ်းသွားနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။

အင်းသားဆိုသည်မှာ ‘ကန်၏သားများ’ဟူ၍ အဓိပ္ပာယ်ရပြီး ကျွန်းဖြင့်ပြုလုပ်ထားသည့် ကနူးလှေ၏ အနောက်ဘက်တွင် မတ်တက်ရပ်လျှက် ဝါးဖြင့်ပြုလုပ်ထားသော ကတော့ပုံစံငါးဖမ်းပိုက်(ဆောင်း)နှင့် မှိန်းတို့အားကိုင်ဆောင်၍ ခြေတစ်ဘက်တည်းဖြင့်
လှော်ခတ်နေသည့် အင်းသားတံငါသည်၏ပုံရိပ်သည် ဟိုးရှေးကတည်းကပင် အင်းလေးနှင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ သင်္ကေတအနေဖြင့် ရှိခဲ့ကြသည်။

အင်းလေးကန်ထဲမှလွဲ၍ အခြားနေရာများတွင် မတွေ့နိုင်သော အနည်းဆုံး ငါးမျိုးစိတ် ၁၅ မျိုး နှင့် ရှမ်းပြည်တွင်သာ တွေ့ရှိနိုင်သော အချို့ငါးမျိုးစိတ်များသည် အင်းလးကန်အောက်ထဲတွင် တွေ့ရှိနိုင်ပါသည်။ ငါးဖိန်းဟုခေါ်သော အင်းလေးငါးကြင်း (Cyprinuscarpiointha) သည် ထိုအထဲတွင် အကျော်ကြားဆုံးဖြစ်ပြီး ၎င်းသည် အင်းသားများ၏ သင်္ကေတတစ်ခုအနေနှင့် တည်ရှိပါသည်။

ထိုကဲ့သို့ အများနှင့်မတူ၊ တမူထူးခြားသည့် ဖြစ်စဉ်နှစ်ခုစလုံးသည် ယခုအချိန်တွင် ပျောက်ကွယ်သွားတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။

လတ်တလောတွင် ဈေးပေါသည့် ဒီဇယ်အင်ဂျင်များနှင့် ပလက်စတစ်ငါးဖမ်းပိုက် အများအပြားရောက်ရှိလာခြင်း သည် ရှေးယခင်ကတည်းက ရေရှည်တည်တံ့ခဲ့သည့် နည်းစနစ်များအား ပျောက်ကွယ်ခြင်းဖြစ်စေသည်။

Fish-2
Fisherman
Fish-3
Turtle
Fishing-Stuff
Fish-2
သမိုင်းတလျှောက်တွင်ရှိခဲ့သော ငါးမျိုးစိတ်အုပ်ကြီးများနှင့် ထိုဒေသတွင်သာရှိသည့် ရှားပါးငါးမျိုးစိတ်များသည် တဖြေးဖြေးလျော့နည်းလာပြီး ခေတ်သစ် ငါးဖမ်းနည်းစနစ်များ၊ လတ်တလောတွင် ကျူးကျော်ရောက်ရှိလာသော အခြားမျိုးစိတ်များနှင့် ကန်၏ရေ အရည်အသွေးတို့ကြောင့် ပျောက်ကွယ်လုနီးပါး ရှိသည်။
Fisherman
ကျွန်ုပ်တို့၏သမိုင်းကြောင်းနှင့် ကျွနု်ပ်တို့မျှဝေသည့်အမွေအနှစ်တို့အား အဓိပ္ပာယ်ဖော်ဆောင်ပေးသည့် ထိုအင်းလေးကန်၏ ရိုးရာအစဉ်အလာများနှင့် သဘာဝ တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်း စောင့်ရှောက်ရန် အတွက် ယခုအချိန်သည် အရေးကြီးသည့်အချိန်ဖြစ်ပါသည်။
Fish-3

ငါးမွေးကန်

 

ငါးမွေးကန်ထဲတွင် သမိုင်းတလျှောက်ရှိခဲ့သော ရှားပါး ငါးမျိုးစိတ်များ အပြင် ၎င်းတို့၏ဂေဟစနစ်ကို ခြိမ်းခြောက်နေသည့် လတ်တလော ကျူးကျော်ဝင်ရောက်လာသော အခြားငါးမျိုးစိတ်များနှင့် ကန်အား အမှီသဟဲပြုလုပ်ပြီး နေထိုင်လျက်ရှိသော အခြားသက်ရှိများအပေါ် ခြိမ်းခြောက်နေသည့် အရာများအား တွေ့ရှိနိုင်သည်။

Turtle

လိပ်များ

 

ကန်သည် စိတ်ဝင်စားစရာကောင်းသည့် တွားသွားသတ္တဝါမျိုးစုံတို့၏ နေထိုင်ရာနေရာလည်းဖြစ်သည်။
ကန်ရှိတိရစ္ဆာန်များအား လေ့လာနိုင်ရန် ငါးများအပြင် ငါးမွေးကန်အနီးတွင် လိပ်ငယ်များနေထိုင်ရန်နေရာ နှစ်ခုအားလည်း ထားရှိပါသည်။

Fishing-Stuff

တံငါသည်များ၏တဲ

 

ခေတ်အဆက်ဆက် အင်းသားတံငါသည်များ ငါးဖမ်းရန်အသုံးပြုလာသော ထူးခြားသည့်ကိရိယာများအား ဤနေရာတွင်တွေ့ရှိနိုင်သည်။
တံငါသည်များ၏ “ဆောင်း” နှင့် “မှိန်း” အပြင် ငါးမျှားနည်း၊ ထောင်ချောက်ဆင်နည်းနှင့် ငါးဖမ်းခြင်း လုပ်ငန်းစဉ်တို့အား လေ့လာနိုင်ပါသည်။