Cooking-Class-ICON
Cooking-Class
Food
Food-3
Cooking-Class-ICON

အင်းလေးဟင်းလျာ ချက်ပြုတ်နည်းများကိုသင်ယူပါ

အင်းလေးမှလက်ဆောင်ပစ္စည်းများနှင့် မမေ့နိုင်တဲ့အမှတ်တရများအပြင် အင်းလေးဒေသရိုးရာ ဟင်းချက်နည်းများကို သင်ယူပြီး အိမ်ပြန်ရောက်လျှင် သင့်မိသားစုအတွက် ကောင်းမွန်သောဟင်းလျာများကို ဖန်တီးပေးနိုင်ပါပြီ။
ယခုပဲ ကြိုတင်နေရာယူပါ

Cooking-Class
ကျွန်ုပ်တို့၏ အကောင်းဆုံးဟင်းလျာများသည် မိစု အဘွား၏ ဟင်းချက်နည်းများမှဖြစ်ပါသည်။
နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့သည့် ရိုးရာအစဉ်အလာဖြစ်ပြီး လူအများအပြားမှလည်း ကြိုက်နှစ်သက်ခဲ့ကြ ပါသည်။

အွန်လိုင်းမှတစ်ဆင့် ကြိုတင်နေရာယူရန် ဤနေရာအား နှိပ်ပါ။

Food
ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၎င်း၏ထူးခြားသောအရသာရှိသည့် အစားအစာများနှင့်တီထွင် ဖန်တီးထားသည့် ချက်ပြုတ်နည်းတို့ကြောင့် နာမည်ကြီးလျှက်ရှိသည်။
အင်းလေးပြည်နယ်အတွင်းရှိ ကောင်းမွန်သောမြေဆီလွှာများ၊
ပေါကြွယ်ဝသည့်ငါးများ၊ မတူညီသော ယဉ်ကျေးမှုများ၏ လွှမ်းမိုးမှုများဖြင့် ထူးခြားသည့်ဟင်းလျာများဖန်တီးနိုင်ပါသည်။
Food-3
ကျွနု်ပ်တို့၏ဟင်းချက်သင်တန်းများသည် ဟင်းလျာချက်ပြုတ်ရန်အတွက် လိုအပ်သည့်ပစ္စည်းများအား ကိုယ်တိုင်ရှာဖွေနိုင်ရန် ကန်ရှိဈေးများသို့ခေါ်ဆောင်သွားမည်ဖြစ်ပြီး အင်းလေးဒေသရိုးရာဟင်းလျာစစ်စစ်များ ကို ချက်ပြုတ်ရန် ပြင်ဆင်ပုံများကို ဟင်းချက်သင်တန်းများတွင်လည်းကောင်း၊ ဧည့်သည်တစ်ဦးအနေနှင့် ဒေသခံများ၏ မီးဖိုချောင်ထဲတွင်လည်းကောင်း လက်တွေ့သင်ယူနိုင်မည်ဖြစ်ပါသည်။
Take-A-Class



ကန်ထဲရှိ ချက်ပြုတ်နိုင်သောအစားအစာများကို ရှာဖွေတတ်ရန်နှင့် အင်းသားရိုးရာဟင်းလျာစစ်စစ်များကို ကျွမ်းကျင်သည့် စားဖိုမှူးများနှင့် အတူတကွ ချက်ပြုတ်နိုင်ရန် သင်ယူပါ။
သင်တန်းချိန်သည် ၂နာရီခန့် ကြာမြင့်မည် ဖြစ်ပါသည်။

ဟင်းချက်သင်တန်းများသည် လူမှုထောက်ပံ့ရေးစီမံကိန်း၏ တစိတ်တစ်ဒေသဖြစ်ပြီး၊သင်တန်းကြေးများမှ ရရှိလာသော ဝင်ငွေများသည် အင်းလေးဒေသအတွင်းရှိ အမွေအနှစ်လုပ်ငန်းများအတွက် အသုံးပြုသွားမည် ဖြစ်ပါသည်။ ပို၍ လေ့လာနိုင်စေရန် ဒီမှာကြည့်ပါ။