Burmese-Cat-ICON
King
Cat-1
Cat-2
Cat-3
Burmese-Cat-ICON

မြန်မာကြောင်များအား ပြန်လည်မိတ်ဆက်ခြင်း

အခြားကြောင်မျိုးရင်းများ မရောနှောစေဘဲ သီးခြားထိန်းသိမ်း မွေးမြူထားသော ဖြူလေးနှင့် သူမ၏မိသားစုတို့ ကိုယ်ပိုင်ရွာငယ်လေးသဖွယ်ဖြစ်နေသော ၄င်းတို့မိသားစု၏ သီးသန့်ကျွန်းငယ်လေးပေါ်မှ နေထိုင်ရာအိမ်လေးကို ပြသကြပါလိမ့်မည်။

King
မြန်မာကြောင်မျိုးနွယ်များသည် လွန်ခဲ့သောနှစ်ပေါင်း ၁၀ဝဝ ကျော်လောက်ကပင်ရှိခဲ့ကြပြီး သူတို့အား တော်ဝင်အိမ်မွေးတိရစ္ဆာန်များ၊ ဘုရားကျောင်း သို့မဟုတ် ဘုန်းကြီးကျောင်းများတွင်သာ နေထိုင်သည့် ကြောင်များအနေဖြင့် မှတ်တမ်းထဲတွင် တွေ့ရှိရသည်။ သီပေါမင်း၏ထီးနန်း ဗြိတိသျှလက်အတွင်းသို့ ကျရောက်သည့်အချိန်တွင် နန်းတော်အတွင်း၌ ကြေးနီရောင် ကြောင် အကောင် ၄၀ ခန့်ရှိခဲ့သည်ဟု ဆိုသည်။

ထိုမျိုးနွယ်အား ၁၉ရာစုနှောင်းပိုင်းနှင့် ၂၀ရာစုအစောပိုင်းတွင် မြန်မာနိုင်ငံ၌ သီးခြားကာကွယ်ပေးထားခဲ့ သော်လည်း ကိုလိုနီခေတ်အတွင်း၌ ပြင်ပမျိုးနွယ်များဝင်ရောက်၍ မျိုးစပ်သည့်အခါတွင် ဒုတိယကမ္ဘာစစ် မတိုင်မီ မြန်မာကြောင်မျိုးစစ်များ မြန်မာနိုင်ငံမှ ပျောက်ကွယ်သွားခဲ့သည်။

Cat-1
ကံကောင်းထောက်မစွာဖြင့် ၂၀ရာစုအစောပိုင်းတွင် အချို့ကြောင်များအား အင်္ဂလန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုများသို့ မွေးမြူရန်ခေါ်ဆောင်သွားခဲ့ကြသည်။ ထိုအထဲတွင်အမေရိကန်-မြန်မာကြောင်များထဲမှ အကျော်ကြားဆုံးဘိုးဘေးဘီဘင် ဖြစ်သည့် Wong Ma လည်း ပါဝင်ပါသည်။ ပြည်ပမှ ကြောင်မျိုးနွယ်အစစ်များမှ ကျွန်ုပ်တို့တွင်ရှိသောကြောင်များအပါအဝင် ယခုခေတ် မြန်မာကြောင်များအားလုံး ဆင်းသက်လာခြင်းဖြစ်သည်။
Cat-2
အင်းလေးအမွေအနှစ်သည် ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု ထိန်းသိမ်းရေးကို အာရုံစိုက်သည့် ယူနန်ပြည်နယ် အခြေစိုက် NGO တစ်ခုဖြစ်သည့် China Exploration & Research Society ၏ အကြံပြုချက်များနှင့် ပံ့ပိုးမှုတို့ဖြင့် ၂၀ဝ၈ခုနှစ်တွင် မြန်မာနိုင်ငံ အတွင်းသို့ မြန်မာမျိုးရင်းကြောင်များ ပြန်လည် မိတ်ဆက်မွေးမြူပေးခြင်း အစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့သည်။

ကျွန်ုပ်တို့၏ သားဖောက်ခြင်း အစီအစဉ်အား ဗြိတိသျှမျိုးနွယ် ၃ ကောင်နှင့် ဩစတေးလျမျိုးနွယ်မျိုးစစ် ၄ ကောင်တို့ဖြင့် စတင်ခဲ့သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံ၏ မြန်မာကြောင် ကောင်ရေသည် ၄၀ ကျော်အထိ တိုးပွားလာခဲ့ပါသည်။

Cat-3
နန်းတော်အတွင်းမှာသာ တွေ့ရှိသောကြောင်များသည် ယခုအချိန်တွင် အင်းလေးအမွေအနှစ်၏ တော်ဝင်ကြောင်များအဖြစ် ပြောင်းလဲလာကာ အသေအချာဂရုတစိုက် မွေးမြူထားလျှက် ရှိသည်။
  • ဖြူလေးသည် ရွာထဲတွင် အသွက်အလက်ဆုံး ကြောင်ဖြစ်သည်။ သူမသည် စွန့်စားခြင်း၊ လူများနှင့် တွေ့ဆုံခြင်းကို နှစ်သက်သည်။ သူမ၏ဗိုက်ကိုပွတ်လိုက်သည်နှင့် သင့်ဘေးမှခွာမည်မဟုတ်တော့ပေ။

    ဖြူလေး “တိမ်းရှောင်နေသူ”
    အမ၊ အသက် ၃ နှစ်နီးပါး

  • သေးသေးလေးသည် ရွာထဲတွင် ခရမ်းဖျော့ရောင်ရှိသည့် တစ်ကောင်တည်းသောကြောင် ဖြစ်သည်။ သူမသည် ဘုရင်မကဲ့သို့သောဟန်အမူအရာ ရှိသော်လည်း အမိန့်များကို ကောင်းမွန်စွာနာခံတက်သည်။

    သေးသေးလေး “ဘုရင်မ”
    အမ၊ အသက် ၁၃ လ

  • သားအိုသည် အပြင်ကမ္ဘာအား စူးစမ်းလေ့လာလေ့ရှိပြီး တစ်ခါတစ်ရံ ရွာထဲမှ ထွက်ပြေးလေ့ရှိသည်။ သို့သော် ကြောင်ငယ်လေးများ ရွာအပြင်ရောက်ပြီး လမ်းပျောက်နေသည်ကို တွေ့ရှိလျှင် ညင်သာစွာ ပြန်လည်ခေါ်ယူလာပေးလေ့ရှိသည်။

    သားအို “အစ်ကိုကြီး ”
    အထီး၊ အသက် ၃ နှစ်

  • သင်၏ပခုံးပေါ် ပထမဆုံးခုန်တက်မည့်ကြောင်သည် ဘလူးပင် ဖြစ်လိမ့်မည်။ မွေးဖွားသည့်အချိန်တုန်းက သူမသည် သေမလိုဖြစ်ခဲ့ပြီး သူမ၏ညာဘက်မျက်လုံးက မမြင်နိုင်တော့သော်လည်း သူမသည် ဘဝကို ရင်ဆိုင်ရန် ဘယ်တော့မှ မကြောက်ခဲ့ပေ။

    ဘလူး “ ခုန်သူ”
    အမ၊ အသက် ၃ နှစ်

  • ပုတိုသည် အကဲဆတ်သည့်ကြောင်ငယ်လေးတစ်ကောင်ဖြစ်သည်။ သူမသည် ရွာထဲတွင် ချစ်စရာကောင်းသော ကြောင်မလေး ဖြစ်နိုင်သော်လည်း သူမ၏အမြီးကို ထိလိုက်သည်နှင့် ထိန်းမနိုင်သိမ်းမနိုင် ဖြစ်တော့သည်။

    ပုတို “ခုန်သူ”
    အမ၊ အသက် ၂ နှစ်နှင့် ၆ လ

  • အပုတ်ကြီးက စကားသာပြောနိုင်ခဲ့လျှင် “ငါ့ခြံထဲက ထွက်သွား”ဟု အစဉ်အမြဲအော်နေမှာဖြစ်သည်။ သူ၏ကိုယ်ပေါ်တွင်ရှိသည့် အဖြူရောင် အမွှေးစင်းကြီးများက သူ၏အရှိန်အဝါအား အားဖြည့်ပေးသည်။ သူသည် လူသစ်များကို ကြိုက်နှစ်သက်သူမဟုတ်သော်လည်း သူနဲ့ခင်မင်ရင်းနီးသွားလျှင် သူနှင့် အလွန် ကောင်းသည့် အချိန်များရရှိနိုင်မည်ဖြစ်ပါသည်။

    အပုတ်ကြီး “ခါးသီးတဲ့လူအိုကြီး ”
    အထီး၊ အသက် မသိ

  • ဘာဘီသည် မချောစု၏ကလေးဖြစ်သော်လည်း ကြောင်မိသားစု၏ မိခင်လည်းဖြစ်သည်။ သူမသည် ဘာဘီကာတွန်းများကြည့်ရင်း ကြီးပြင်းလာသောကြောင့် ထိုနာမည်အား ရရှိသွားခြင်းဖြစ်သည်။ ဘာဘီသည် ရန်ကုန်တွင်ကျင်းခဲ့သည့် ကြောင်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည်။

    ဘာဘီ “အမေ”
    အမ၊ အသက် ၂ နှစ်

  • ဒေါက်တာကြောင်သည် သားသမီးအလတ်များတွင်ရှိတတ်သည့် ရောဂါလက္ခဏာရှိသည်။ သားသမီးအလတ် အားလုံးကဲ့သို့ပင် သူသည် အချစ်ခံချင်သည်။ သူ့အား အမြဲတမ်းနားမလည်နိုင်ပေမဲ့ ဂျာမနီနိုင်ငံမှဆရာဝန်တစ်ဦး လာရောက်လည်ပတ်သည့်အခါ သူနှင့်ချက်ချင်းဆိုသလိုချစ်သွားကြသည်။ သူ့အား အောက်တိုဘာလတွင် လာခေါ်ဖို့ ပြန်လာမည်ဟု ပြောသွားသည်။

    <strongဒေါက်တာကြောင် “နားလည်မှုလွဲခြင်းခံရသူ”
    အထီး၊ အသက် ၂ နှစ်

  • အမြီးကျိုးသည် အခြားကြောင်များအားလုံး၏ စုပေါင်းထားသည့် ညဏ်အမြော်အမြင် ရှိသည်။ သူမသည် ရွာသို့ရောက်ရှိလာသော ပထမဆုံးကြောင်တစ်ကောင်ဖြစ်သည်။ သူမ၏ဗိုက်ကိုပွတ်ပြီး နှစ်သိမ့်ပေးသည့်အခါ သူမသည် သင့်အနားမှခွာမည်မဟုတ်တော့။

    အမြီးကျိုး “ကြောင်ပညာရှိ”
    အမ၊ အသက် ၆ နှစ်

ကြောင်ရွာ

 

ကြောင်များသည် သူတို့၏ ကျယ်ဝန်းသည့်အိမ်ထဲတွင် လွတ်လပ်စွာ သွားလာနိုင်သည့်အပြင် ကြောင်များ နေထိုင်ရာ ကျွန်းငယ်လေးနှင့် အင်းသားအမွေအနှစ်အိမ် အောက်ထပ်ရှိ နေရာအများအပြားသို့လည်း သွားလာနိုင်သည်။

အထဲတွင် အရုပ်များ၊ ကုတ်ဖို့တိုင်များနှင့် စင်များရှိပြီး၊ ကြောင်များသည် သူတို့ကိုယ်ပိုင်တဲများနှင့် ကျွန်းငယ်လေးပေါ်ရှိ ပိုမိုကြီးမားသည့် အိမ်တွင် သီးခြားလွတ်လပ်စွာနေထိုင်လို့ရပါသည်။

ဖြူလေးအား Twitter မှတစ်ဆင့် ချိတ်ဆက်ပါ

social-icon@PhyuLey


 
ကြောင်များအနေနှင့် မှန်ကန်သည့်အာဟာရများ ရရှိစေရန်အတွက် အားဆေးများ ပုံမှန်တိုက်ကျွေးပြီး ကျွန်ုပ်တို့၏ တိရိစ္ဆာန်ဆေးကုဆရာဝန်များကလည်း ကြောင်များ၏ ကျန်းမာရေးအခြေအနေများအား ပုံမှန် လာရောက်စစ်ဆေးပါသည်။

သားမဖောက်သည့် ကြောင်များအားလုံးကိုသင်းထားပြီး၊ လိုအပ်သည့်ဆေးများ ထိုးပေးထားကာ သားဖောက်သည့် အထီးများအားလည်း သီးခြားထားရှိပါသည်။
 
ဆောင်ရွက်လျက်ရှိသည့် ထိန်းသိမ်းစောင့်ရှောက်မှုတို့အား လက်တွေ့ကျသည့် အချက်အလက်များဖြင့် ပံ့ပိုးပေးနိုင်မည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါက ကျွန်ုပ်တို့အား အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။

ကြောင်တစ်ကောင်အား မွေးစားခြင်း

ကျွန်ုပ်တို့သည် သင်းထားသောကြောင်များအတွက် သူတို့အား ဂရုတစိုက်ချစ်ခင်ယုယမည့် ပိုင်ရှင်များ ရှာတွေ့ရန် အမြဲလိုလားပြီး ကြောင်များသည်လည်း ကိုယ်ပိုင်နေရာများရရှိရန် လိုလားကြမည်ထင်ပါသည်။

ကျွန်ုပ်တို့၏ မိသားစုဝင် ကြောင်တစ်ကောင်အား မွေးရန် ဆုံးဖြတ်ခဲ့ပါက ကျွန်ုပ်တို့ မြန်မာမျိုးရင်းကြောင်များ အား ပြန်လည်မိတ်ဆက်မွေးမြူပေးခြင်း အစီအစဉ်ကို သင့်အနေဖြင့် ကူညီပေးရာရောက်ပြီး အမြဲပြုလုပ်ရမည့် တာဝန်ဝတ္တရားများစွာလည်း သင့်တွင်ရှိလာလိမ့်မည်။ မွေးစားမည့်သူများသည် စိစစ်ရွေးချယ်ခြင်းခံရမည် ဖြစ်ပြီး မွေးစားရန် မဆုံးဖြတ်ခင် အောက်ဖော်ပြပါမေးခွန်းများအား မိမိကိုယ်မိမိ မေးမြန်းရန် လိုအပ်မည်ဖြစ်ပါသည်။

  ကျွန်ုပ်သည်ကြောင်တစ်ကောင်အား အနှစ်၂၀ လုံး တယုတယ ချစ်ခင်နိုင်ပါ့မလား။

  လုံခြုံစိတ်ချရပြီး စိတ်ဖိစီးမှုမရှိနိုင်သည့် ပတ်ဝန်းကျင်မျိုး ဖန်တီးပေးနိုင်ပါ့မလား။

  ကြောင်အား ပုံမှန်ကာကွယ်ဆေးတွေ ထိုးပေးနိုင်ပါ့မလား။

  တိရစ္ဆာန်ဆေးကုသမှု လိုအပ်လာလျှင် ကျွနု်ပ်တတ်နိုင်ပါ့မလား။

  ကျွန်ုပ်သည် နေ့စဉ် ကြောင်အတွက် အချိန်ပေးနိုင်ပါ့မလား။

  အခြေခံထိန်းသိမ်းစောင့်ရှောက်နည်းများကို သိသလား။


အထက်ပါမေးခွန်းများအား ဖြေဆိုပြီးလျှင် ကျွန်ုပ်တို့ထံ ဆက်သွယ်ပြီး လျှောက်လွှာတင်နိုင်ပါပြီ။

နိုင်ငံခြားသားများအနေဖြင့် ခေါ်ယူမွေးစားမည်ဆိုပါက စီမံကိန်းအတွက် ထောက်ပံ့ကြေးအနည်းအငယ် ပေးသွင်းရမည်ဖြစ်ပါသည်။