ကျွန်ုပ်တို့အကြောင်း - Inle Heritage
inleheritage
1586
page,page-id-1586,page-template,page-template-full_width,page-template-full_width-php,edgt-core-1.0,, vertical_menu_with_scroll,smooth_scroll,fade_push_text_right,wpb-js-composer js-comp-ver-4.12,vc_responsive

ကျွန်ုပ်တို့သည် အင်းလေးကန်အနီးတွင် မွေးဖွားပြီး အများနှင့်မတူသော ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများနှင့် ထူးခြား၊ ရှားပါးသော သဘာဝပတ်ဝန်းကျင်တွင် ကြီးပြင်းလာသူများ ဖြစ်ကြပါသည်။ ကျွနု်ပ်တို့သည် မွေးရပ်ဇာတိမြေအတွက် ဂုဏ်ယူဝမ်းမြောက်ကြပြီး သားသမီး၊ မျိုးဆက်များကိုလည်း တူညီသောယဉ်ကျေးမှု ထုံးတမ်းစဉ်လာများဖြင့် ကြီးပြင်းကြစေချင်ပါသည်။

 

ကျွန်ုပ်တို့၏ အင်းလေးအမွေအနှစ်သည် အကျိုးအမြတ်မယူသော ပရဟိတ ဖွံ့ဖြိုးရေး အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ အင်းလေးဒေသ၏ သဘာဝနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပြီး အင်းလေးကန်သို့ ခရီးသွားအများအပြား လာရောက်လည်ပတ်နိုင်စေရန်၊ ဒေသခံများနှင့် လူငယ်များ၏ ဘဝကို ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လုပ်ကိုင်စားသောက်နေထိုင်ရန် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခုအဖြစ် ရေရှည်တည်တံ့နေစေရန် တက်စွမ်းနိုင်သည့် အခန်းကဏ္ဍမှ တစ်နိုင်တစ်ပိုင် ထိန်းသိမ်းစောင့်ရှောက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

 
မည်ကဲ့သို့ဆောင်ရွက်နေသည်ကို လေ့လာရန် အောက်သို့ scroll လုပ်ပြီးကြည့်ရန်။

Map
web-map
P-Home-on-stilts
Leg-Rower
Map
အင်းလေးဒေသသည် မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက် အစွန်အဖျားတွင် တည်ရှိသည်။
၎င်းသည် ပင်းဒယ ပတ်ဝန်းကျင်ရှိ တောင်ပေါ်လက်ဖက်စိုက်ခင်းများမှ စကားကန်ကိုကျော်လွန်ပြီး တောင်ဘက်ရှိ ကယားပြည်နယ်စပ်အထိ ရှည်လျားပါသည်။
web-map
ထိုနေရာသည် အင်းသား၊ ပအို့ဝ်၊ ဓနု၊ ပလောင်နှင့် တောင်ရိုးအပြင် ရှမ်းနှင့် မြေပြန့်ဗမာလူမျိုး အပါအဝင် အခြားတိုင်းရင်းသား အုပ်စုငယ်မျိုးစုံ နေထိုင်ကြသောနေရာဖြစ်ပါသည်။
 
ထိုဒေသ၏ အလယ်ဗဟိုတွင် အင်းလေးကန်ရှိပြီး ၎င်းမှာ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ရေချိုကန် ဖြစ်သည်။
P-Home-on-stilts
အင်းသားများသည် အင်းလေးကန်၏ ရေပြင်ပေါ်တွင် ခြေတံရှည်အိမ်များဖြင့် ရပ်ရွာတည်၍ နေထိုင်ကြပြီး လှေငယ်များ၊ စက်လှေများကို သွားလာရေးအတွက် အသုံးပြုကြပါသည်။
Leg-Rower
အင်းလေးဒေသရှိလယ်သမားများသည် ရာစုနှစ်တစ်ခုနီးပါး ရေထဲတွင်ပေါက်သည့် အပင်မျိုးစုံ၏ အမြစ်များနှင့် အင်းလေးကန်ထဲမှ နုန်းမြေများကိုအသုံးပြီး ပြုလုပ်ထားသော ကန်ရေပြင်တွင် မျောနေသည့် ထူးခြားသော ကျွန်းမျောများပေါ်တွင် ရေခြံ ခေါ် ရေပေါ် ဥယျာဉ်များကို
စိုက်ပျိုးလေ့ရှိကြသည်။

 
ရေပေါ်ဥယျာဉ်များသည် ရေကို အလိုအလျောက်ရရှိပြီး၊ ရေကြီးခြင်းနှင့် မိုးခေါင်ရေရှားခြင်းတို့ကို ခုခံနိုင်သည့်အတွက် တစ်နှစ်ပတ်လုံး သီးနှံများရရှိစေပြီး အင်းလေးဒေသကိုလည်း နိုင်ငံ၏ စိုက်ပျိုးရေး အချက်အခြာ ဒေသတစ်ခု ဖြစ်စေပါသည်။

အင်းလေးဒေသရှိ လယ်သမားများသည် ရာစုနှစ်တစ်ခုနီးပါး ရေထဲတွင်ပေါက်သည့် အပင်မျိုးစုံ၏ အမြစ်များနှင့် အင်းလေးကန်ထဲမှ နုန်းမြေများကိုအသုံးပြီး ပြုလုပ်ထားသော ကန်ရေပြင်တွင် မျောနေသည့် ထူးခြားသော ကျွန်းမျောများပေါ်တွင် ရေခြံ ခေါ် ရေပေါ် ဥယျာဉ်များကို စိုက်ပျိုးလေ့ရှိကြသည်။
 
ရေပေါ်ဥယျာဉ်များသည် ရေကို အလိုအလျောက်ရရှိပြီး၊ ရေကြီးခြင်းနှင့် မိုးခေါင်ရေရှားခြင်းတို့ကို ခုခံနိုင်သည့်အတွက် တစ်နှစ်ပတ်လုံး သီးနှံများရရှိစေပြီး အင်းလေးဒေသကိုလည်း နိုင်ငံ၏ စိုက်ပျိုးရေး အချက်အခြာဒေသတစ်ခု ဖြစ်စေပါသည်။

ဤဒေသ၏ ထူးခြားသောယဉ်ကျေးမှုနှင့် အနုပညာဆန်သည့် အလေ့အထများ၏သမိုင်းသည် ဟိုးရှေးကတည်းကပင် စတင်ခဲ့သည်။ ဒေသခံအနုပညာရှင်များသည် သမိုင်းတလျှောက်တွင် သူတို့ ဖန်တီးထားသည့် လက်ဝတ်ရတနာများ၊ ရှမ်းစက္ကူပြုလုပ်ခြင်းများ၊ သစ်ထွင်းပန်းပုများနှင့် ဤဒေသတွင်သာ တွေ့ရှိနိုင်သည့် ကြာရိုးမှယက်သည့် ပိုးထည်များအပါအဝင် အထည်အလိပ်များအတွက် ကျော်ကြားလျှက် ရှိသည်။

ကန်၏စိမ့်မြေဂေဟစနစ်သည် ငှက်မျိုးစိတ်၂၆၇မျိုး၏ အိမ်ဖြစ်သကဲ့သို့ ကမ္ဘာတွင်မျိုးသုဉ်းပျောက်ကွယ်တော့မည့် အန္တရာယ်ရှိနေရှိသော sarus ကြိုးကြာ၏နားခိုရာနေရာလည်းဖြစ်သည်။ ငါး၊ ဖျံနှင့် လိပ်မျိုးစိတ် ၄၈မျိုးကျော် မှ အနည်းဆုံး ၉မျိုးမှာ ဤကန်တွင်သာ တွေ့ရှိနိုင်ပြီး ထိုအထဲတွင် အင်းလေးငါးကြင်း(ငါးဖိန်း)သည် အင်းသားတို့ အတွက် သင်္ကေတငါးဖြစ်သည်။

ကမ္ဘာမြေပေါ်ရှိ ထိန်းသိမ်းစောင့်ရှောက်ရမည့်နေရာများတွင် ကုန်းမြေပြင်၊ရေနှင့် ကမ်းရိုးတန်းဂေဟစနစ်များ ပါဝင်ပါသည်။ ၎င်းနေရာများသည် ဇီဝဗေဒမျိုးစိတ်များအား ထိန်းသိမ်းစောင့်ရှောက်ပြီး ရေရှည် အသုံးပြုနိုင်ရန် အတွက်ဖြစ်ပါသည်။


အင်းလေးကန်နှင့် ၎င်း၏ ရေဝေကုန်းတန်းတို့၏ ဂေဟဗေဒဆိုင်ရာအရေးပါမှုနှင့် ၎င်း၏ ဌာနေတိုင်းရင်းသား ရပ်ရွာဒေသခံများ၏ ထူးခြားစွာလိုက်လျောညီထွေ နေထိုင်နိုင်မှုတို့ကို အသိအမှတ်ပြုသည့်အနေနှင့် ၂၀၁၅ ခုနှစ်တွင် UNESCO Biosphere and Maqn Reserve အဖြစ် သတ်မှတ်ခြင်းခံရသည်။

၁၇ရာစုမှစ၍တိုင်းရင်းသားလူမျိုးစုများသည် အောက်တိုဘာလတိုင်း ဖောင်တော်ဦးဘုရားပွဲ ကျင်းပလေ့ရှိပြီးအင်းလေးကန်တွင်စုဝေးကာခြေဖြင့်လှော်ခတ်ရသည့် လှေလှော်ပြိုင်ပွဲများကျင်းပသည့်အပြင် ဗုဒ္ဓဆင်းတုတော် ၅ ဆူအား လှည့်လည် အပူဇော်ခံသည့်ပွဲလည်း ကျင်းပကြပါသည်။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ခရီးသွားလုပ်ငန်းနှင့်အခြားဈေးကွက်ဖွံ့ဖြိုးမှုတို့တွင် အခွင့်အလမ်းကောင်း များစွာ ပေါ်ပေါက်ခဲ့သော်လည်း အင်းလေးဒေသနှင့် လူနေမှုစနစ်များ၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များနှင့် ပတ်ဝန်းကျင်တို့အပေါ် ခြိမ်းခြောက်မှုများလည်း ဖြစ်ပေါ်စေခဲ့ပါသည်။
 
ကျွန်ုပ်တို့၏ အဓိကဦးတည်ချက်မှာ အင်းလေးအမွေအနှစ်လုပ်ငန်းများမှတဆင့် အသိပညာမျှဝေခြင်းနှင့် လူမှုစီးပွားရေးလုပ်ငန်းများကို အင်းလေးဒေသခံများနှင့်အတူ လုပ်ကိုင်ကြပြီး ထိုအခွင့်အလမ်းများမှ ဒေသခံများအတွက် အကျိုးခံစားခွင့်များ ရရှိစေနိုင်ပြီး စိန်ခေါ်မှုများကိုလည်း လျော့ချနိုင်စေရန်ဖြစ်ပါသည်။

အမွေအနှစ်ဆိုတာ ဘာလဲ။

 

ကျွန်ုပ်တို့အတွက် အမွေအနှစ်ဆိုသည့်အဓိပ္ပာယ်မှာ ဘိုးဘွားများမှကျွနု်ပ်တို့ထံသို့ ပေးအပ်ခဲ့သည့် ယဉ်ကျေးမှု အမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်၍ အခြားသူများကိုလည်း မျှဝေပေးရင်း အနာဂတ် မျိုးဆက်သစ်များထံသို့ ပိုမိုကောင်းမွန်သည့် အနေအထားတစ်ခုအဖြစ် ဆက်လက် လက်ဆင့်ကမ်းပေးခြင်း ဖြစ်ပါသည်။
 
အင်းလေးဒေသတွင်နေထိုင်သည့် မျိုးဆက်များအားလုံးအတွက် အင်းလေးဒေသ၏ သဘာဝပတ်ဝန်းကျင်နှင့် ထူးခြားသည့်ယဉ်ကျေးမှုဆိုင်ရာ ဝိသေသလက္ခဏာများသည် အားလုံးအတွက် တန်ဖိုးအကြီးဆုံး အမွေအနှစ်ပင် ဖြစ်ပါသည်။

NAtural-Heritage-Diagram

သဘာဝအမွေအနှစ်များကို ပိုမိုကောင်းမွန်သည့်အနေအထားနှင့် လက်ဆင့်ကမ်းပေးမည်ဆိုသည့် အဓိပ္ပာယ်မှာ အင်းလေးဒေသတွင်ရှိသော တိရစ္ဆာန်များ၊ အပင်များအပြင် ကျွနု်ပ်တို့အားလုံး အတူမျှဝေမှီခိုနေသည့် သဘာဝ ပတ်ဝန်းကျင်တို့ကို အလေးထားပြီး ၎င်းတို့၏ အနာဂတ်အတွက် အာမခံချက်ပေးခြင်းပင် ဖြစ်သည်။

Tangible-and-Intangible

ယဉ်ကျေးမှုအမွေအနှစ်သည် အင်းလေးဒေသကို အဓိပ္ပာယ်ဖွင့်ဆိုပေးသော ဖန်တီးထားသည့် အရာဝတ္ထုများ၊ အဆောက်အဦးများ၊ အလေ့အထများနှင့် ရိုးရာအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ပေးပြီး လူအများ သိရှိစေအောင် ပြုလုပ်ပေးခြင်း ဖြစ်သည်။
 
အဓိပ္ပာယ်မှာ မြင်နိုင်၊ ထိတွေ့နိုင်သော ယဉ်ကျေးမှုများဖြစ်သည့် အဆောက်အဦးများ၊ ဘာသာရေးအရ အထွဋ်အမြတ်ထားသည့် နေရာများနှင့် တောတောင်သဘာဝများ အစရှိသည်တို့ကို အကာအကွယ်ပေးခြင်းနှင့် လူသိများအောင် လုပ်ဆောင်ပေးခြင်းကို ဆိုလိုပါသည်။
 
သို့သော် နောက်ထပ်ဆိုလိုရင်းမှာ ထိတွေ့၍ရနိုင်သော ယဉ်ကျေးမှုများဖြစ်သည့် ဘာသာစကားနှင့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ၊ လှေကိုခြေဖြင့်လှော်ခတ်သည့် အလေ့အထများ၊ လက်မှုနည်းပညာများ ကဲ့သို့သော အမူအကျင့်များနှင့်ရိုးရာအစဉ်အလာများကို ဆက်လက်ရှင်သန်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း ကိုလည်း ဆိုလိုပါသည်။

Venn-Diagram

အင်းလေးဒေသအတွက် တံငါသည်နှင့်ငါး (သို့မဟုတ်) ရေပေါ်ဥယျာဉ်များနှင့်ကန် ကဲ့သို့သော ယဉ်ကျေးမှု အမွေအနှစ်နှင့် သဘာဝအမွေအနှစ်တို့သည် အများအားဖြင့် အတူယှဉ်တွဲ၍ တည်ရှိနေပါသည်။
 
ထို့အတူ အင်းလေးအမွေအနှစ်၏ လုပ်ငန်းများမှာလည်း ယဉ်ကျေးမှုနှင့်သဘာဝတို့ကို အတူတကွ ကိုင်တွယ် ဖြေရှင်းခြင်း ဖြစ်ပါသည်။

What is sharing knowledge?

အင်းလေးဒေသ၏ အမွေအနှစ်များအား မည်သူမှ တစ်ဦးတစ်ယောက်တည်း ထိန်းသိမ်းစောင့်ရှောက်နိုင်မည် မဟုတ်ပါ။ အင်းလေးဒေသအတွင်း နေထိုင်သူတိုင်းနှင့်သက်ဆိုင်ပြီး ဒေသခံလူမှုအသိုင်းအဝိုင်းအားလုံး၏သမိုင်း၊ ရိုးရာအစဉ်အလာနှင့် အသက်မွေးဝမ်းကျောင်းပြုရာ၊ မျှဝေမှီခိုသုံးစွဲရာ သဘာဝပတ်ဝန်းကျင်တစ်ခု ဖြစ်သောကြောင့် အားလုံးက ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်ပါသည်။

ကျွန်ုပ်တို့၏ ဝန်ထမ်းများသည် အင်းလေးဒေသတွင် မွေးဖွာကြီးပြင်းလာသော်လည်း ကျွနု်ပ်တို့၏ ဇာတိမြေ အကြောင်းကို ဆက်လက်လေ့လာ သင်ယူနေရဆဲဖြစ်ပါသည်။ အင်းလေးဒေသခံများနှင့် လာရောက် လည်ပတ်သောခရီးသည်များထံမှ လေ့လာသင်ယူခြင်း၊ မိမိတို့သိရှိသမျှကို မျှဝေပေးခြင်းတို့ဖြင့် အင်းလေးကန်သို့ လာရောက်လည်ပတ်သော ဧည့်သည်များ၏ အတွေ့အကြုံကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်သကဲ့သို့ ဒေသခံ လူမှုအသိုင်းအဝိုင်းကိုလည်း ၎င်းတို့၏ ယဉ်ကျေးမှုနှင့် လူနေမှုဘဝများအား ဆက်လက် ထိန်းသိမ်းသွားရန် ကူညီပံ့ပိုးပေးနိုင်မည်ဟု ယုံကြည်ကြပါသည်။

အင်းပေါခုံကျေးရွာရှိ အင်းလေးအမွေအနှစ်အိမ်တွင် ပြည်တွင်း၊ ပြည်ပမှ ပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းများ၊ ခရီးသွားဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်သူများနှင့် အခြေခံပညာသင်ကျောင်းများမှ ကျောင်းသား/သူများအနေဖြင့် အင်းလေးအမွေအနှစ်၏ စီမံကိန်းလုပ်ငန်းများကို လေ့လာကြည့်ရှုနိုင်ပြီး အင်းလေးဒေသခံလူထုများအား အကြံဉာဏ်ကောင်းများကိုလည်း ဝေမျှပေးနိုုင်ပါသည်။
 
ကျွန်ုပ်တို့၏ အင်းလေးအမွေအနှစ် ဟိုတယ်အသက်မွေးမှုသင်တန်းကျောင်းတွင် တစ်နှစ်လျှင် ကျောင်းသား/သူ အယောက်( ၄၀ )ခန့်အား ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများကို သင်ကြားပေးလျက်ရှိပါသည်။ ကျောင်းသား/သူ များသည် အင်းလေးအမွေအနှစ် စားသောက်ဆိုင်နှင့် သဟာယ အင်းလေးအမွေအနှစ် တည်းခိုဂေဟာတို့တွင် လက်တွေ့ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် လုပ်ငန်းအတွေ့အကြုံများ ရယူနိုင်ကြပါသည်။

လူမှုစီးပွားရေးလုပ်ငန်း၏အဓိပ္ပာယ်

 

အင်းလေးဒေသအမွေအနှစ်အား ထောက်ပံ့ရန် အကောင်းဆုံးနည်းလမ်းမှာ ကျွနု်ပ်တို့ထံသို့လာရောက် လည်ပတ်ခြင်းဖြင့် အကောင်းဆုံးအချိန်များ ရယူကြခြင်း ဖြစ်သည်။

အင်းလေးဒေသ၏အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ဆက်လက်လုပ်ဆောင်သွားရမည့် စီမံကိန်းတစ်ခုဖြစ်သောကြောင့် ရေရှည်တည်တံ့ရမည်ဖြစ်ပါသည်။ ပြင်ပမှ ကူညီပံ့ပိုးမှုများကိုသာ အစဉ်အမြဲမှီခို နေရလျှင် ထိုစီမံကိန်းများကို ရေရှည် ဆက်လက် လုပ်ဆောင်သွားနိုင်မည် မဟုတ်ပါ။

thahrar-logo_v2

ကျွန်ုပ်တို့အနေဖြင့် အင်းလေးဒေသသို့ လာရောက်လည်ပတ်သော ခရီးသည်များအား အင်းလေးဒေသ၏ ထူးခြားသောယဉ်ကျေးမှုနှင့် သဘာဝကိုယ်ပိုင်လက္ခဏာတို့ကို ကျေနပ်၊ ပျော်ရွှင်စွာပံ့ပိုးပေးစေချင်ခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် ဧည့်သည်များအနေဖြင့် အင်းလေးဒေသတွင်းတွင် ပြုလုပ်သော အနုပညာများနှင့် လက်မှုပစ္စည်းများဝယ်ယူနိုင်ခြင်း၊ ကိုယ်တိုင်ချက်ပြုတ်သော အင်းသားအစားအစာများကို ပျော်ရွှင်စွာ စားသုံးခြင်းနှင့် ၎င်းတို့အား မည်ကဲ့သို့ ချက်ပြုတ်ရမည်ကိုသင်ယူခြင်း၊ ကန်၏အလယ်ရှိ ကျေးလက်အိပ်ခန်းတွင် တည်းခိုပြီး မနက်စာစားခြင်း ကဲ့သို့သော ဧည့်သည်တို့ နှစ်သက်စေမည့်အရာများပြုလုပ်နိုင်မည့် လူမှုစီးပွားရေး လုပ်ငန်းများကို ထူထောင်ထားခြင်း ဖြစ်ပါသည်။

Pie-Chart

ဤစီမံကိန်းများသည် လူမှုစီးပွားရေး လုပ်ငန်းများဖြစ်သည်။ အင်းလေးဒေသအမွေအနှစ်သည် အမြတ်အစွန်း အတွက် ဆောင်ရွက်နေခြင်း မဟုတ်သည့် အဖွဲအစည်းတစ်ခုဖြစ်ပြီး လုပ်ငန်းမှရရှိသည့် ဝင်ငွေများကို ဝင်ငွေမရရှိသည့် အခြားစီမံကိန်းလုပ်ငန်းများတွင် ရံပုံငွေအဖြစ် အသုံးပြုပါသည်။
 
ရရှိလာသောအမြတ်အစွန်းများကို အောက်ပါအချိုအစားအတိုင်း သုံးစွဲလျက်ရှိပါတယ်။
 

အင်းလေးအမွေအနှစ် အသက်မွေးမှုသင်တန်းကျောင်းတွင် ၈၀%
ထိန်းသိမ်းစောင့်ရှောက်ရေးစီမံကိန်းတွင် ၁၀%
စိုက်ပျိုးရေးစီမံကိန်းတွင် ၁၀%

၂၀၁၅ ခုနှစ်တွင် ကုန်ကျစရိတ်များ၏ ၆၀% အားကာမိနိုင်ခဲ့သည်။

70percent_mm

မိမိတို့၏ လူမှုစီးပွားရေးလုပ်ငန်းများမှ ရရှိသောဝင်ငွေမှာ လက်ရှိကုန်ကျစရိတ်၏ ၇၀%ကိုသာ ဖြည့်ဆည်း ပေးနိုင်ပြီး ကျန်၄၀%ကို ပုဂ္ဂလိက အလှူ ရှင်များ၏ လှူဒါန်းမှုဖြင့် ဖြည့်ဆည်းလျက်ရှိပါသည်။ သို့ပါသောကြောင့် ကျွနု်ပ်တို့၏ရည်မှန်းချက်မှာ အင်းလေးဒေသအမွေအနှစ်သို့ မိတ်ဆွေများ လာရောက်လည်ပတ် တည်းခိုခြင်းဖြင့် ကူညီပံ့ပိုးပေးခဲ့လျှင် ၂၀၂၀ ခုနှစ်တွင် ထိုလုပ်ငန်းမှရရှိလာသော အမြတ်အစွန်းတစ်ခုတည်းဖြင့် ရပ်တည် နိုင်မည်ဟု မျှော်မှန်းထားပါသည်။

အင်းလေးအမွေအနှစ်၏မိသားစုဝင်များ

  • Yin Myo Su

    Yin Myo Su

    Founder

  • Aung Kyaw Swar

    Aung Kyaw Swar

    Principal

  •  Nang Myat Chaw Su

    Nang Myat Chaw Su

    Conservation Project Director

  •  Myo Thandar

    Myo Thandar

    HR Manager

  •  Nang Khin Cho

    Nang Khin Cho

    Finance Manager

  •  Naing Win

    Naing Win

    F&B Production Trainer and Head Chef

  • Thant Zin Aye

    Thant Zin Aye

    Inle Heritage Stilt Houses Host

  •  Ye' Wint

    Ye' Wint

    F&B Services Trainer

  •  Aung Phyoe Min

    Aung Phyoe Min

    Front Office Facilitator

  •  Nyut Maung

    Nyut Maung

    Restaurant Manager

  •  Nang Myint Oo

    Nang Myint Oo

    Housekeeping Trainer

  •  Nyut Thein

    Nyut Thein

    Store Keeper and Purchasing

  •  Nyi Nyi Thwe

    Nyi Nyi Thwe

    Sous Chef